ဖုန်းတစ်လုံးမှ တစ်လုံးသို့ကျပ်တစ်သိန်း အထိ ငွေလွှဲနိုင်
မိုဘိုင်းဖုန်း တစ်လုံး မှ အခြား မိုဘိုင်းဖုန်း တစ်လုံး သို့ ငွေကျပ်
တစ်သိန်း အထိ ငွေလွှဲ နိုင်ကြောင်းမိုဘိုင်းဖုန်း ဆိုင်ရာ
ပညာရှင်များကပြောသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
က ငွေကျပ် ငါးသိန်းဖြင့် အသုံးပြုခွင့် ပေးထားသောမိုဘိုင်း
ဖုန်းများတွင်ငွေလွှဲပေးနိုင်သောစနစ်ပါရှိပြီး မိမိဖုန်း မှ အခြား
ဖုန်းတစ်လုံးသို့ငွေလွှဲပြောင်းပေးခြင်း ဖြစ်သည်။
လူကြီးမင်း မိုဘိုင်းဖုန်း ဆိုင်မှတာဝန် ရှိသူ တစ်ဦးက
" ငွေပေးကတ် ကျပ်တစ်သိန်းဖိုး အထိ လွှဲနိုင်ပါတယ်။
ငွေလွှဲဖို့ နည်းစနစ်တွေ လမ်းညွှန် ပေးထားတယ်။
အဲဒီ အတိုင်း လိုက် လုပ်ရုံပဲ။တကယ်လို့ အဆင်မပြေရင်
အော်ပရေတာကို မေးမြန်းနိုင် ပါတယ်" ဟု ပြောပြသည်။
ငွေဖြည့်ကတ် အား အခြား ဖုန်းတစ်လုံး သို့ မိမိဖုန်း မှ
လွှဲတော့မည် ဆိုပါက ရှေးဦးစွာ ၁၆၆ အား နှိပ်၍
Call အား နှိပ်ရမည် ဖြစ်ကြောင်း၊ ၎င်း နောက်
ဘာသာစကား ရွေးချယ်ရမည် ဖြစ်ပြီး ငွေဖြည့်ရန် ၁
ကို နှိပ်ရမည် ဖြစ်ကာ အခြား ငွေစာရင်းသို့ ငွေလွှဲရန်
၂ ကို နှိပ်ရမည် ဖြစ်ကြောင်း သိရသည်။ ငွေဖြည့်ရန်
ဖုန်းနံပါတ်ကို ဖြည့်သွင်းရာတွင် ဂဏန်း အားလုံး၏
ရှေ့ ၌ ၉ ဂဏန်း တစ်လုံးတည်း ခံကာ
ငွေဖြည့်သွင်း ပေးမည့် ဖုန်းနံပါတ်အား ဖြည့်သွင်း
ပေးရမည် ဖြစ်ကြောင်း သိရသည်။
" အရင်တုန်းက ငွေဖြည့်ရာမှာ ၀၁၊ ၀၂ ကုတ်နံပါတ်တွေ
ခံ ရပါတယ်။ အခု အချိန်မှာတော့ အဲဒါတွေ ခံစရာ
မလိုတော့ဘူး။ ၉ ဂဏန်း တစ်လုံးတည်း ခံရတော့ မှာပါ"
ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ငွေလွှဲ ပြောင်းခြင်း
အဆင်မပြေခြင်းများ ရှိပါက အော်ပရေတာ နံပါတ်
ဝ ကို ခေါ်ဆိုကာ မေးမြန်း စုံစမ်းနိုင်မည် ဖြစ်ကြောင်း
သိရသည်။ ကြိုတင် ငွေပေးကတ် ၀ယ်ယူခြင်း
အဆင်မပြေသည့် နေရာသို့ ရောက်ရှိ နေသော
မိုဘိုင်းဖုန်းများသို့ အခြား ဖုန်းတစ်လုံး မှ ငွေလွှဲ
ပေးခြင်း ဖြစ်ကြောင်း၊ ဖုန်း အမျိုးအစားတူ
အချင်းချင်းသာ ထိုကဲ့သို့ ငွေလွှဲခြင်းမျိုး ပြုလုပ်
နိုင်မည် ဖြစ်ကြောင်း သိရသည်။
May 31, 2011
မူရင်းဇာတိသို့