ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အောက်ပါအချက်များ လိုအပ်ပါသည်။
ပြီးပြည့်စုံသည်ဟုမဆိုလိုပါ။ အနိမ့်ဆုံး၊ အကြမ်းဖျဉ်း လိုအပ်ချက်များ
ပင် ဖြစ်ပါသည်။
၁။ ကိုယ့်ကျင့်တရား ကောင်းမွန်ရမည်။
၂။ ရိုးသား ဖြောင့်မတ်ရမည်။
၃။ နိုးကြား တက်ကြွရမည်။
၎။ ဥပဒေကို လေးစားလိုက်နာရမည်။
၅။ စိတ်စေတနာကောင်း ထားရှိရမည်။
၆။ သတ္တိရှိရမည်။
၇။ ဇွဲကောင်းရမည်။
၈။ သစ္စာရှိရမည်။
၉။ အမြင်ကျယ်ရမည်။
၁၀။ သည်းခံနိုင်ရမည်။
၁၁။ အနစ်နာခံနိုင်ရမည်။
၁၂။ ခံနိုင်ရည်ရှိရမည်။
၁၃။ မိမိကိုယ်ကို ယုံကြည်ရမည်။
၁၄။ အများ၏ ချစ်ခင်လေးစားမှုကို ခံယူရရှိသူ ဖြစ်ရမည်။
၁၅။ ပရိယာယ်ကြွယ်ဝရမည်။
၁၆။ တီထွင်ကြံဆ လုပ်ဆောင်တတ်ရမည်။
၁၇။ မိမိကိုယ်ကို အမြဲတိုးတက်အောင် ကြိုးစားနေရမည်။
၁၈။ ရင့်ကျက်မှုရှိရမည်။
၁၉။ တာဝန်ယူရဲသူ၊ တာဝန်ခံရဲသူ ဖြစ်ရမည်။
၂၀။ ထိန်းသိမ်းနိုင်စွမ်း ရှိရမည်။
၂၁။ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသူဖြစ်ရမည်။
၂၂။ တာဝန်ကို ရိုသေ၍ အသိနှင့်ယှဉ်ပြီး ဆောင်ရွက်တတ်ရမည်။
၂၃။ လုပ်ငန်းနှင့် အချိန်တိကျပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
Credit to >>>>>
ဆရာ နန္ဒမိုးကြယ်ရေးသားပြုစုသောသိမှတ်ဖွယ်ရာ
မြန်မာ့လျှို့ ဝှက်ချက်(၁၀၀) စာအုပ်မှာကောက်နှုတ်တင်ပြသည် ။
နာယက မတင်ထိုက်သူ
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ
နာယက မတင်ထိုက်။”
၁။ ဂဏန်း = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။